အိမ်ပြန်ချိန်စာစောင် (၂၀၂၁) အတွက် စာမူများ ဖိတ်ခေါ်ခြင်း

            ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်းက Homecoming Day အထိမ်းအမှတ် အိမ်ပြန်ချိန်စာစောင် နှစ်စဉ်ထုတ်ဝေလျက်ရှိရာ (၂၀၂၁) တွင် ပဉ္စမအကြိမ်မြောက် ထုတ်ဝေမည်ဖြစ်ပါသဖြင့် ဆေးတက္ကသိုလ်-မန္တလေးတွင် တက်ရောက်ခဲ့သော ကျောင်းသား/ကျောင်းသူ များအား စာမူများ ပေးပို့နိုင်ပါရန် ဖိတ်ခေါ်အပ် ပါသည်။

ပေးပို့နိုင်သောစာမူများ
- ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု၊ စာတမ်း၊ ကာတွန်း စသည် ပေးပို့နိုင်ပါသည်။

စာမူပေးပို့ရာတွင်
၁။ အမည်၊ ကျောင်းဝင်နှစ်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်။

၂။ မိမိကိုယ်တိုင်ရေးသားသော စာမူဖြစ်ကြောင်းနှင့် အခြားဂျာနယ်၊ မဂ္ဂဇင်းတိုက်တစ်ခုခုသို့ ပေးပို့ထားခြင်းမရှိကြောင်း ၀န်ခံချက်တို့ ဖော်ပြပါရှိရပါမည်။

၃။ စာမူကို ကွန်ပျူတာဖြင့် ရိုက်နှိပ်၍ Hard Copy အပြင် Soft Copy ပါ ပို့ပေးစေလိုပါသည်။

၄။ တက်ရောက်ခဲ့သော ဆေးတက္ကသိုလ်-မန္တလေး ပုံရိပ်ကို ထင်ဟပ်သောစာမူ ဖြစ်လျှင် ပိုမိုသင့်လျော်ပါသည်။

၅။ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်သော်လည်းကောင်း (၃၀.၉.၂၀၂၀) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

စာမူပေးပို့နိုင်သောဌာနများ
၁။ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်း (UMMAA)ရုံးခန်း ၊ ဆေးတက္ကသိုလ်-မန္တလေး။
၂။ info@ummalumni.com

လေးစားစွာဖြင့်
စာစောင်ဖြစ်မြောက်‌ရေးကော်မတီ
ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်း

 
 

More Tags

a